Friday, March 21, 2014

ရခိုင်ပြည်လုံးဆိုင်ရာကျုးကျော်ဘင်္ဂါလီသန်းခေါင်စရင်းနာမည်လိမ်တိုက်ဖျက်ရေးရေးကော်မတီ(စစ်တွေ) မှ အေနိန်သတင်းကြေငြာချက်ထုတ်ပြန်


ရခိုင်ဓါတ်ပုံများ(3)





မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း




==================================
ဘင်္ဂလီပြဿနာအတွက် လူထုဆန္ဒခံယူပြီး စစ်တွေနဲ့မောင်တောဒေသတွေကို ရခိုင်ပြည်နယ်ကနေ ခွဲထုတ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ စစ်တကောင်းဒေသထဲ သွပ်သွင်းခြင်းဟာ အဖြေတစ်ခုဖြစ်နိုင်တယ်လို့ ဖော်ပြထားတဲ့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းစာရဲ့ ဆောင်းပါးရှင် Zeeshan Khan ရေးသားတဲ့ A referendum in Rakhine state? ဆိုတဲ့ဆောင်းပါးကို ၀ံသာနုမှ ဆီလျော်အောင် ဘာသာပြန်ဆို တင်ပြသွားပါမယ်။

[ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဘင်္ဂလားဒေ့ရှ်မီဒီယာတစ်ခုကနေ ပြောင်ပြောင်တင်းတင်း စိမ်ခေါ်လိုက်တဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့အတွက် မြန်မာပြည်သူများ သိရှိနိုင်ဖို့ ဘာသာပြန်လိုက်တာပါ။]

မြန်မာနိုင်ငံ၊ရခိုင်ပြည်နယ်ရဲ့ ၄၂ရာခိုင်နှုန်းပြည့်လုနီးပါးဟာ လေယူလေသိမ်းမဆိုစလောက် ကွဲပြားတဲ့ ဘင်္ဂလီစကားကိုပြောဆိုကြတဲ့ တောင်အာရှမျိုးနွယ်စုတွေ ဖြစ်ကြပါတယ်။ စစ်တွေနဲ့မောင်တောနယ်တွေမှာ နေထိုင်ကြတဲ့ ၉၅ရာခိုင်နှုန်းနီးပါး အဲဒီမျိုးနွယ်တွေဟာ မြန်မာတွေရဲ့ နိုင်ငံခြားသားတွေကို မုန်းတီးတဲ့စရိုက်အောက်မှာ ရက်စက်ဖိနှိပ်မှုတွေနဲ့အတူ မတရားခွဲခြားဆက်ဆံခံရမှုတွေကြောင့် လူသိများကြပါတယ်။ ဒီလူမျိုးတွေကို အဲဒီနေရာမှာ နိုင်ငံခြားသားအဖြစ် သတ်မှတ်ပြီး ဘယ်သူမှလိုလိုလားလား မရှိကြပါဘူး။ အဲဒီလူမျိုး ထောင်ပေါင်းများစွာဟာ နေရပ်ကိုစွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံတွေမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေကြရပါတယ်။ တချို့ကတော့ သတ်ဖြတ်ခံရပြီး နေအိမ်တွေကနေ မောင်းထုတ်ခံခဲ့ရပါတယ်။

ရခိုင်ဓါတ်ပုံများ(2)






ရခိုင်ဓါတ်ပုံများ

မြောက်ဦးခေတ် စစ်သားများပုံ(အပေါ်)

မြို့တံခါးဝင်ပေါက်တစ်ခု

မြောက်ဦးဘီလူး

ဒွန်မာတင်

ရခိုင်ဘုရင်တိုင်းခန်းလှည်လည်နေစဉ်

မြောက်ဥိးဘီလူး

Saturday, October 26, 2013

ရခိုင်ပြေက သိုက်တဘောင်တိ မှန်ယင့်လား တစ်ချက်ပြန်ကြည့်ကတ်မေ။

25 October 2013 at 20:22



(1)(ရခိုင်ပြေမာ  နို့်သောက် နန့် ဒုတ်ထောက်ရာ ကျန်လတ္တံ၊)

(2)(ရခိုင်ပြေမာ အောက်သမ တစ်စုံ ဆန်တစ်ဒုံ နန့် ရလတ္တံ့)

အေနိန်ခါ  နံပါတ်(1) သိုက်တဘောင်စွာ တတည့်ကျနိန်ဗျာယ်လို့ပြောချင်ပါရေ။

ဇာဖြစ်လို့လေ့ဆိုဂေ ခိုက်အဆက်ဆက် အစိုးရတိ ရေ  မတရားဖိနှိပ်အုပ်ချုပ်ခကတ်လို့ အေနိန့်  ရခိုင်ပြေမာ စီးပွားရီးမပြေလည်မှု၊ အလုပ် အကိုင်မဟိန့်မှုတိ များလာရေအတွက်နန့်  ဆင်းရဲတွင်းနက်လာကတ်တေ ရခိုင် လူမျိုးတိရေ ဘိုးစိုင်ဘောင်ဆက် ပိုင်ဆိုင် နိန်ထိုင်လာကတ်တေ ကိုယ်ရို့ဧ့ရပ်တိရွာတိကို စွန့်ဗနာ ၊ နိုင်ငံခြား တိုင်းပြေတိနန့် မြန်မာနိုင်ငံထဲက အဆင် ပြေရေလို့သတင်း ကြားရေ နိန်ရာတိကို အလုပ်အကိုင် ရလိုရငြား စီးပွားရီးအဆင်ပြေလိုပြေငြား အရွယ်ကောင်းကျန်း မာရီးကောင်းရေ ကလွိုင်ချေ ၊ ကလွန့်မေချေတိ  ထွက်လားခကတ်စွာရေ ရွာတိမာ အရွယ်ကောင်း ယောင်္ကျား မမာ့တိ လုံးဝ မဟိသလောက်ဖြစ်လားခ ကတ်ပါ ဗျာယ်။ ဇာလောက်ထိ ဆိုးလားခလေဆိုကေ တချို့တလီ  ရွာတိမှာ စပါးက မှည့်နိန်ဗျာလ် ရိတ်ဖို့လူမဟိ၊ လူသီနိန်ဗျာလ်မသာချဖို့ ထမ်းဖို့လူမဟိ၊  ၀ိုင်းလို့အိမ်ချေယာချေဆောက်ဖို့ အိမ်မိုးဖို့ လူတိ မဟိန့်ကတ်ရေအထိ  ဖြစ်လားခကတ်စွာကို ၀မ်းနည်းစွာ မြင်ရ ကြားရ တွိ့နိန်ရပါဗျာလ်။အေကိစ္စရေ  ရခိုင်ပြေ က ရခိုင် ရွာတိမာနို့သောက်နိန့် ဒုတ်ထောက်ရာ ကျန်ရေဆိုစွာ မီးမောင်း ထိုးပြ နိန်စွာ မဟုတ်ပါလား ။ ယင်းအတွက်နန့် ရခိုင်ပြေမာ (နို့သောက်နန့် ဒုတ်ထောက်ရာ  ကျန်လတံ္တ) ဆိုရေ တဘောင်ရေ မှန်ကန်ရေသဘော ဖြစ်လားခပါဗျာယ်။ အေချင့်ရေ ရခိုင်လူမျိုး တိအတွက် မကောင်းရေ ကိန်းခန်းတစ်ခု ကျီလားခဗျာလ် လို့လေ့ပြောလို့ရပါရေ။

Sunday, October 20, 2013

( ငါရို့နန့်မဆိုင် ဆိုသော ရခိုင်များနှင့် ရခိုင်မျိုးနွယ်စုဝင်အပေါင်းတို့ )



နွားချေတစ်ကောင် ၊ ၀က်ချေတစ်ကောင် ၊ ကြက်ဖချေတစ်ကောင် ၊ ကြွက်ချေတစ်ကောင် ရို့ရေ အိမ်တစ်အိမ်မှာ အတူတူနိန်ကတ်လို့ သူငယ်ချင်းအဖြိုက် ခင်ခင်မင်မင်နီကတ်ပါရေ။ တစ်ရက်နိန်ခါ အိမ်ရှင်က အိမ်မှာ ကြွက်တိသောင်းဂျန်းရေ ဆိုပနာ ဈီးကိုလားရေခါ (ကြွက်ခုပ်) တစ်ခုချေတစ်ခု ၀ယ်ခစွာကို ကြွက်ချေမြင်လားခပါရေ၊ ထိုအခါ ကြွက်ချေက အလွန်စိုးရိမ်ကြောက်စိတ်ဝင်ပြီးကေ သူ့ သူငယ်ချင်းဖြိုက်တေ ကြက်ဖချေဘားသို့ လားပြီးကေ အဝေ သူငယ်ချင်းကြက်ဖ ငါ့ရို့အိမ်ရှင်မှာ ငါ့ကိုသတ်ဖို့လို့ (ကြွက်ခုပ်)တစ်ခု အေနိန်ခါ ဈီးက၀ယ်ခရေဝေ ငါဇာနိန်သီဖို့လေ့ မသိလည်းမ သိယာဝေသူငယ်ချင်း ၊ငါ ဇာပိုင်လုပ်ကေကောင်းဖိုလဲ့လို့ အကြံတောင်းရေခါ သူ့ သူငယ်ချင်း ကြက်ဖချေက ကြွက်ခုပ်ဝယ်ခစွာ က ငါနန့်ကမဆိုင် မင်းနန့်ရာဆိုင်ရေ ၊ ခုနှစ်ရီမှာ တရီမစပ်ကာလို့ ကြက်ဖချေက ပြောလိုက်ပါရေ၊ ထိုအခါ ကြွက်ချေက စိတ်ညစ်ပြီးကေ သူငယ်ချင်းဖြိုက်တေ ၀က်တောင်းချေ ဘားကို လားပြီးကေ အကြံတောင်းပါရေ ၊ထိုအခါ ၀က်ချေကလေ့ အဝေ ကြွက်ချေ ငါ့ရို့အိမ်ရှင်မှာ (ကြွက်ခုပ်)၊ ၀ယ်စွာ ငါနန့်ကမဆိုင်ဂါ ။ မင်းနန့်ရာဆိုင်ရေ ပြောလိုက်ပါရေ၊ ကြွက်ချေလေ့ စိတ်အားငယ်ပြီးကေ သူ့သူငယ်ချင်းဖြိုက်ေ တ နွားချေ ဘားကို လားပြီးကေ နောက်ဆုံးအကြံတောင်းကြည့်ဖို့ဗျာလ် ဆိုပြီးကေ နွားချေကို ကြက်ဖချေ နန့် ၀က်ချေပိုင် အကြံတောင်းမိပါရေ၊ ထိုအခါလည်း နွားချေက (ကြွက်ခုပ်) ၀ယ်စွာ ငါနန့်ကမဆိုင် မင်းနန့်ရာ ဆိုင်ရေဆိုပြီးကေ ပြောလွတ်လိုက်ပါရေ၊

ကြွက်ချေလည်း သူငယ်ချင်းချင်း တစ်အိမ်တည်းမှာ အတူတူနိန်ကတ်လို့ပင် တစ်ကောင်ဒုက္ခေ ရာက်ဖို့စွာကို မြင်ကေလေ့ အကြံဥာဏ်ချေပင် တစ်ကောင်လေ့မပီးကတ်ပါကား၊ ငါနန့်မဆိုင်ဂျေး ပြောကတ်တေ ။ ထိုအခါ ကြွက်ချေက ငါလေ့ ဇာတတ်နိုင်ဖို့လဲ ငါ့ကိုငါ စားသတိ လားသတိ နိန်သတိ ထားလီရဖို့ဗျာလ် ဆိုပြီးကေ ယင်းနိန့်ကပင် ကြွက်ချေရေ ယင်းကြွက်ခုပ် ဟိန့်ရေဖက်ကို လုံးဝမလားဘဲ အထူးသတိထားပြီးကေ နိန်ပါရေ ၊တစ်ရက်နိန် ညဉ့်ခါ (ဖေါင်း)ဆိုရေ အသံကြားလိုက်ရလို့ အိမ်ရှင်က အေလောက်ကေ ကြွက်ခုပ်မှာ ကြွက်ကျနိန်ဗျာလ် ဆိုပြီးကေ လားကြည့်ရေခါ မြွီတစ်ကောင် ကြွက်ခုပ်မှာ ပဒုန်းဖျားညှပ်နိန်စွာကို အိမ်ရှင်က သတိမထားဘဲ အနားကို ကပ်လို့ ကြည့်လိုက်တေခါ မြွီက အိမ်ရှင်ကို တောက်ပလိုက်ပါရေ ။