Sunday, October 20, 2013

( ငါရို့နန့်မဆိုင် ဆိုသော ရခိုင်များနှင့် ရခိုင်မျိုးနွယ်စုဝင်အပေါင်းတို့ )



နွားချေတစ်ကောင် ၊ ၀က်ချေတစ်ကောင် ၊ ကြက်ဖချေတစ်ကောင် ၊ ကြွက်ချေတစ်ကောင် ရို့ရေ အိမ်တစ်အိမ်မှာ အတူတူနိန်ကတ်လို့ သူငယ်ချင်းအဖြိုက် ခင်ခင်မင်မင်နီကတ်ပါရေ။ တစ်ရက်နိန်ခါ အိမ်ရှင်က အိမ်မှာ ကြွက်တိသောင်းဂျန်းရေ ဆိုပနာ ဈီးကိုလားရေခါ (ကြွက်ခုပ်) တစ်ခုချေတစ်ခု ၀ယ်ခစွာကို ကြွက်ချေမြင်လားခပါရေ၊ ထိုအခါ ကြွက်ချေက အလွန်စိုးရိမ်ကြောက်စိတ်ဝင်ပြီးကေ သူ့ သူငယ်ချင်းဖြိုက်တေ ကြက်ဖချေဘားသို့ လားပြီးကေ အဝေ သူငယ်ချင်းကြက်ဖ ငါ့ရို့အိမ်ရှင်မှာ ငါ့ကိုသတ်ဖို့လို့ (ကြွက်ခုပ်)တစ်ခု အေနိန်ခါ ဈီးက၀ယ်ခရေဝေ ငါဇာနိန်သီဖို့လေ့ မသိလည်းမ သိယာဝေသူငယ်ချင်း ၊ငါ ဇာပိုင်လုပ်ကေကောင်းဖိုလဲ့လို့ အကြံတောင်းရေခါ သူ့ သူငယ်ချင်း ကြက်ဖချေက ကြွက်ခုပ်ဝယ်ခစွာ က ငါနန့်ကမဆိုင် မင်းနန့်ရာဆိုင်ရေ ၊ ခုနှစ်ရီမှာ တရီမစပ်ကာလို့ ကြက်ဖချေက ပြောလိုက်ပါရေ၊ ထိုအခါ ကြွက်ချေက စိတ်ညစ်ပြီးကေ သူငယ်ချင်းဖြိုက်တေ ၀က်တောင်းချေ ဘားကို လားပြီးကေ အကြံတောင်းပါရေ ၊ထိုအခါ ၀က်ချေကလေ့ အဝေ ကြွက်ချေ ငါ့ရို့အိမ်ရှင်မှာ (ကြွက်ခုပ်)၊ ၀ယ်စွာ ငါနန့်ကမဆိုင်ဂါ ။ မင်းနန့်ရာဆိုင်ရေ ပြောလိုက်ပါရေ၊ ကြွက်ချေလေ့ စိတ်အားငယ်ပြီးကေ သူ့သူငယ်ချင်းဖြိုက်ေ တ နွားချေ ဘားကို လားပြီးကေ နောက်ဆုံးအကြံတောင်းကြည့်ဖို့ဗျာလ် ဆိုပြီးကေ နွားချေကို ကြက်ဖချေ နန့် ၀က်ချေပိုင် အကြံတောင်းမိပါရေ၊ ထိုအခါလည်း နွားချေက (ကြွက်ခုပ်) ၀ယ်စွာ ငါနန့်ကမဆိုင် မင်းနန့်ရာ ဆိုင်ရေဆိုပြီးကေ ပြောလွတ်လိုက်ပါရေ၊

ကြွက်ချေလည်း သူငယ်ချင်းချင်း တစ်အိမ်တည်းမှာ အတူတူနိန်ကတ်လို့ပင် တစ်ကောင်ဒုက္ခေ ရာက်ဖို့စွာကို မြင်ကေလေ့ အကြံဥာဏ်ချေပင် တစ်ကောင်လေ့မပီးကတ်ပါကား၊ ငါနန့်မဆိုင်ဂျေး ပြောကတ်တေ ။ ထိုအခါ ကြွက်ချေက ငါလေ့ ဇာတတ်နိုင်ဖို့လဲ ငါ့ကိုငါ စားသတိ လားသတိ နိန်သတိ ထားလီရဖို့ဗျာလ် ဆိုပြီးကေ ယင်းနိန့်ကပင် ကြွက်ချေရေ ယင်းကြွက်ခုပ် ဟိန့်ရေဖက်ကို လုံးဝမလားဘဲ အထူးသတိထားပြီးကေ နိန်ပါရေ ၊တစ်ရက်နိန် ညဉ့်ခါ (ဖေါင်း)ဆိုရေ အသံကြားလိုက်ရလို့ အိမ်ရှင်က အေလောက်ကေ ကြွက်ခုပ်မှာ ကြွက်ကျနိန်ဗျာလ် ဆိုပြီးကေ လားကြည့်ရေခါ မြွီတစ်ကောင် ကြွက်ခုပ်မှာ ပဒုန်းဖျားညှပ်နိန်စွာကို အိမ်ရှင်က သတိမထားဘဲ အနားကို ကပ်လို့ ကြည့်လိုက်တေခါ မြွီက အိမ်ရှင်ကို တောက်ပလိုက်ပါရေ ။



၊ထိုအခါ အိမ်ရှင် မြွီကိုက်ခံရလို့ အိမ်ရှင်မကို လှမ်းနှိုးပြီးကေ ငါ့ကို မြွီကိုက်ပလိုက်ယာ။ တအောင့်နိန်ကေ မြွီဆိပ်တက်ဖို့ယာ၊ ယင်းအတွက်နန့် အိမ်နားပတ်ဝန်းကျင်က လူတိကို နှိုးပြီးကေ ထိုဖက်ရွာက ဆီးသမားခေါ်ဖို့ ပြောလိုက်ပါရေ၊ အိမ်နားပတ်ဝန်းကျင်က လူတိကို အိမ်ရှင်မက ငါလင်ကို မြွီကိုက်ပလိုက်တေ ဟာလူရို့ ဆီးသမားကို တစ်ချက် ခေါ်ပီးကတ် ဆိုပြီးကေ အကူအညီလိုက်တောင်းပါရေ၊ ၊ထိုအခါ အိမ်နားလူတိက ဆီးသမားကိုခေါ်ဖို့ ညဉ့်ခါကပ်င လားခစွာ မွန်းတည့်မှရာရောက်ကတ်ပါရေ ၊ယင်အတွက်နန့် အိမ်ရှင်မက ဆီးသမားနန့် ဆီးသမား ခေါ်ပီးရေလူတိကို ကျေးဇူးဆပ်တေ အနေနန့် အိမ်မှာဟိန်ရေ ကြက်ဖချေကို သတ်ပြီးကေ ထမင်းချက်ကျွေးလိုက်ပါရေ။

နောက်တစ်ရက်နိန်ခါ အိမ်ရှင်က မြွီဆိပ်တက်ပြီးကေ သီကျလားခပါရေ၊ ထိုအခါ အိမ်ရှင်မက ရပ်ဝီးရပ်နီး ဆွေမျိုးတိကို (မသာ) အသုဘချဖို့အတွက် အကြောင်းကြားလိုက်ပါရေ၊ မသာပို့သဂြိုလ်ဖို့ ရောက်လာကတ်တေ ဆွေမျိုးမိတ်ဆွေတိကို ထမင်းကျွေးဖို့ လိုရေအတွက်နန့် အိမ်မှာဟိန်ရေ ၀က်ချေကို သတ်ပြီးကေ အ၀ီးက မသာပို့ လာရေ လူတိကို ထမင်းကျွေးလိုက်ရပါရေ ၊

နောက် ခုနစ်ရက်မြောက်ရေနိန်ခါ အိမ်ရှင်မက သီလားခရေ အိမ်ရှင်အတွက် သပိတ်ဖြည့် အလှူအတန်းတစ်ခုလုပ်ဖို့ဆိုပြီးကေ ရွာကလူတိကိုဖိတ်ပါရေ ၊ အိမ်မှာကလည်း ငွေကြေးမပြည့်စုံရေအတွက်နန့် အိမ်မှာဟိန်ရေ နွားချေကို သတ်ဗျာလ် သပိတ်ဖြည့် ဆွမ်းကျွေးအလှူလုပ်လိုက်ပါရေ၊

ထိုမြင်ကွင်းများကို မြင်နိန်ရသော ကြွက်မချေက အော် ငါ့သူငယ်ချင်းတိ တစ်ကောင်လေ့ မဟိန်ကတ်ဗျာလ်မလားယေ၊ အားလုံးသီးကျလားခကတ်ယာမလားဂူး ၊ အိမ်ကိုကြွက်ခုပ်ရောက်ခါ ကပင် အန္တရာယ်ဖြစ်ဖို့စွာကို ငါမြင်လို့ တိုင်ပင်အကြံဥာဏ်တောင်းရေခါ သူရို့က ငါနန့်မဆိုင် ငါနန့်မဆိုင်ဆိုပြီးကေ နိန်ခကတ်လို့  အေအဖြိုက်ဆိုးမျိုးကို ရောက်လားခကတ်ရရေ သူငယ်ချင်းရို ဆိုပြီးကေ သင်္ခန်းစာကောင်း တစ်ခုရလိုက်ပါရေ သူငယ်ချင်း ၊ ကောင်းရာဘုံဘ၀ကိုေ ရာက်ပါစီလို မင်းရို၏ သူငယ်ချင်း ကြွတ်ချေ ဆုတောင်းပီးလိုက်ပါယင့် ။

၊အို ရခိုင်သူ/သားအပေါင်းရို့နှင့် ရခိုင်မျိုးနွယ်စုဝင်အပေါင်းရို့ ရခိုင်အမျိုးသားရေးနန့် ပက်သက်လာကေသော်၎င်း ရခိုင်ပြည်အရေးနှင့် ပက်သက်လာကေသော်၎င်း နွားချေ၊ ၊၀က်ချေ၊ ကြက်ဖချေတိပိုင် ငါနန့်မဆိုင် ငါနန့်မဆိုင် ဆိုပြီးကေ ခေါင်းမခါကတ်ဖို့ တိုက်တွန်းလိုပါရေ။ ရောက်ရေနိန်ရာ ရောက်ရေအရပ်မှာ မိမိအသိစိတ်ဖြင့် ကိုယ့်မှာဟိန်ရေ ဥာဏ်စွမ်းရှိသလောက် ကိုယ်စွမ်းရှိသလောက် နိုင်သလောက်ရာ စွမ်းသလောက်ရာ ရခိုင်ပြည်အရေးး ရခိုင်အမျိုးသားရေးကို တာဝန်ကိုယ်စီ ယူခကတ်ဖို့ဆိုကေ ဒေကနိန့် ရခိုင်ပြည် နှင့် ရခိုင်သားတိ အဂုပိုင် အောက်ကျ ဟိန့်နီဖို့ လုံးဝမမြင်ပါ၊ ရခိုင်တစ်ယောက် ဒုက္ခရောက်နိန်စွာကိုမြင်ကေ ကြားကေ ငါနန့်မဆိုင်၊ ရခိုင်မိသားစုတစ်စု အခက်အခဲဖြိုက် နိန်စွာကိုမြင်ကေ ငါရို့နန့်က အမျိုးမတော် ၊ရခိုင်ရွာတစ်ရွာ ဒုက္ခရောက်နိန်စွာကြားကေ ငါရို့ရွာနန့်က အ၀ီးကြီးရာ ငါရို့နန့်မဆိုင် ၊ရခိုင်ပြည်က မြို့တစ်မြို့ ဒုက္ခရောက်နိန်ရေလို့ ကြားကေ ငါ့ရို့နိန်ရေ မြို့ကမဟုတ် ငါ့ရို့နန့် မဆိုင် ၊ဆိုပြီးကေ မျက်နှာလွှဲ ဂေါင်းရှောင်ပြီး ဥပေက္ခာပြုမထားကတ်ပါကေ့လို့လည်း ထပ်ဆင့်တိုက်တွန်းလိုပါရေ၊

(ရခိုင် စာလုံးကို အသုံးပြုပြီး ပြောနိန်ရဗျာလ်ဆိုကေ ယင်းရခိုင် စာလုံးနောက်က ကောင်းကောင်း ဆိုးဆိုး ထွက်လာသမျှသော အဓိပ္ပါယ်သည် ရခိုင်တစ်မျိုးသားလုံးနန့် သက်ဆိုင်ရေ) လို့ ခံယူထားကတ်စီချင်ပါရေ ၊

ကြွက်ချေပုံပြင်ကပီးရေ သင်္ခန်းစာကို ယူပြီးကေ ယနိန့် တစ်ကမ္ဘာလုံးမှာ ဟိန်နိန်ကတ်တေ ရခိုင် နှင့် ရခိုင်မျိုးးနွယ်စုဝင်အပေါင်းရို သည် ရခိုင်နှင့်ပက်သက်လာလျှင် (ငါနှင့်မဆိုင်)ဆိုသော အသုံးအနှုန်းကို မသုံးကတ်ပါကေ့ ၊ မပြောကတ်ပါကေ့၊ မသိကျိုးကျွံ မပြုကတ်ကေ့ လို့ တိုက်တွက်းရင်း

မောင်ဖြူ

No comments:

Post a Comment