Thursday, October 17, 2013

ရခိုင်ပြည်မှာ မရှိမဖြစ် လိုအပ်နေသော လူမှုအဖွဲ့အစည်းများ



     

ရခိုင်ပြည်နယ်အတွင်း နှင့် ရခိုင်တစ်မျိုးသားလုံးအတွက်ဆိုပြီး ရခိုင်ပြည်နယ်ပြင်ပ မြန်မာနိုင်ငံအတွင်း ရန်ကုန်နှင့် အခြားမြို့ကြီး များ တွင်လည်းကောင်း၊ မြန်မာနိုင်ငံပြင်ပ နိုင်ငံတကာများတွင်လည်းကောင်း နာမည်အမျိုးမျိုးပေးပြီး ရခိုင်လူမှုရေးအဖွဲ့အစည်း များစွာ သည် မိမိတို့တတ်သလောက် မှတ် သလောက် နိုင် သလောက် စွမ်းအားများ စုဖွဲ့ပြီး မျိုးချစ်စိတ်ကို အခြေခံကာ လှုပ်ရှား ဆောင်ရွက် နေကြ သည်ကို မြင်ရ ကြားရသောကြောင့် ၀မ်းမြောက်မိပါသည်။ အလွန်လည်း ကျေနပ်မိပါသည်၊ ကျေးဇူးလည်း တင်ပါသည် ။

သို့သော် အဖွဲ့များပြီး အလုပ်မဖြစ်သည်လည်း ရှိတတ်ပါသည်၊ အဖွဲ့နည်းပြီး ကျစ်လစ်သိပ်သည်းစွာဖြင့်် အလုပ်ဖြစ်နေသည်လည်း များစွာရှိပါသည်။ အဖွဲ့များပြီး အဘယ်ကြောင့် အလုပ်မဖြစ်သော် ဆိုင်ရာဆိုင်ရာ ကဏ္ဍအလိုက် လိုအပ်နေေ သာ နေရာများတွင် စွမ်းအားများသည် အံဝင်ဂွင်ကျမဟုတ်၍ ပြန်ကြဲနေ သွားကြောင့် ဖြစ်ပါသည်၊ (ဥပမာ) အနုပညာသည်တစ်ဦးက ထိုသူ မကျွမ်း ကျင် သည့် ကျန်းမာေ ရးေ စာက်ရှောက်မှုလူမှုအဖွဲ့အစည်းများတွင် ၀င်ရောက်လှုပ်ရှားနေရခြင်းကြောင့်ေ သာ်၎င်း၊ ဆေးပညာ ရှင် တစ်ယောက်က စာပေအဖွဲ့အစည်း တစ်ခု တွင် လှုပ် ရှားနေခြင်းသော်၎င်း အံဝင်ဂွင်ကျ မဖြစ်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ထိုကြောင့် လူမှုအဖွဲ့အစည်းများတွင် ပြန့်ကျဲ လုံးထွေးနေသော စွမ်းအားများကို ကဏ္ဍအလိုက် အံဝင်ဂွင်ကျဖြစ်အောင် ပါဝင် လှုပ်ရှားဆောင်ရွက်စေခြင်းက အလွန်အကျိုး ရှိမည်မှာ မြေကြီးလက်ခတ်မလွဲပါ။


ယနေ့ ရန်ကုန်မြို့တစ်ခုတည်းကို နမူနာထားပြီး ပြောပြရသော် ရန်ကုန်မြိွုှ့တွင် ရခိုင်ပြည်နယ်မြို့နယ်အသင်း (17)အသင်းရှိပြီး ထိုအသင်းအဖွဲ့အစည်းများသည် ၀ါဆိုသင်္ကန်းကပ်သည့်အခါတစ်ကြိမ်၊ သင်္ကြန်ကျသည့် အခါ တစ်ကြိမ်လောက်သာ နည်းနည်း ပါးပါး လှုပ်ရှားဆောင်ရွက်နေကြသည်ကိုတွေ့ရပါသည်။ မြို့နယ် အသင်းအမည်ခံပြီး ၄င်းမြို့နယ်များ၏ လူမှုရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမားရေး၊လုပ်ငန်းများနှင့် နိုင်ငံေ ရးလုပ်ငန်းများ ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်လုပ်ငန်းများ လှုပ်ရှားသည်ကို မတွေ့ ရသေ လာက်ဖြစ်ပေသည်။

နောက်ပြီး ရန်ကုန်တွင် လူမှုရေးအသင်းအဖွဲ့အစည်းများ 40 ကျော် 50 လောက်ရှိမည်ထင်ပါသည်၊ ထိုအသင်း အဖွဲ့များသည် လည်း ရွယ်ရည်ချက် ၊ဦးတည်ချက်၊ ပန်းတိုင်များလည်းရှိကြမည်ဖြစ်ပေသည် သို့သော် ထိုထိုေ သာ လူမှုရေးအဖွဲ့အစည်းများ သည် ဦးတည်ချက်ပန်းတိုင်တစ်ခုတည်းကို စောင်းပေးပြီး တစ်စိုက်မတ်မတ် လှုပ်ရှားနေသော လှုမှုရေးအဖွဲ့အစည်းမှာ မရှိမဟုတ် ၊ရှိသည် သို့သော် အလွန်နည်းပါသည်၊ များသော အားဖြင့် လူမှုရေးအဖွဲ့အစည်းများသည် သန်ရာသန်ရာ ကဏ္ဍအလိုက် တာဝန် သိမှု တာဝန်ယူမှု အားနည်းပြီး ရောလုံးယှက်တင် ရခိုင်ဆိုသော ခေါင်းစဉ်အောက်မှာ လှုပ်ရှားနေသည်ကို သတိပြုကြပါလိမ့်မည့်၊

ထိုမြို့နယ်အသင်းအဖွဲ့များနှင့် ရခိုင်လူမှုအဖွဲ့အစည်းများထဲတွင် ပါဝင်လှုပ် ရှားနေကြေ သာ မျိုးချစ်ရခိုင် များသည် ကျွမ်းကျင်ရာ လိမ်မာရာ လူစွမ်းအား အရင်းအဖြစ်များကို ကဏ္ဍအလိုက် အစုအဖွဲ့ ဖွဲ့ပြီး မြို့နယ် အသင်းအမည်များအား၎င်း၊ လူမှုရေး၊ ဘာ သာ ရေးအသင်းအမည်များအား၎င်း ဒေသစွဲ အသင်းစွဲ မဖွဲထားဘဲ ရခိုင်ပြည် နယ် နှင့် ရခိုင်တစ်မျိုး သားလုံးဖွံ့ဖြိုးတိုးတက်ရေး အ တွက် အောက်တွင်ဖေါ်ပြ ထားသော အသင်းအဖွဲ့ အမည်များဖြင့် ဖွဲ့စည်းကြပြီး ဆောင်ရွက်သင့်ကြပေသည်။ မိမိ နိုင်ရာ နိုင်ရာ ကဏ္ဍအလိုက် တာဝန်ကိုယူကြပြီး အစုအဖွဲ့လိုက် ရပ်တည်လှုပ်ရှားသော် ပို၍အောင်မြင်သော အရည် အသွေး ပြည့်ဝသော ကျစ် လစ်သော တာဝန်သိမှု တာဝန်ယူမှု တာဝန်ခံမှုများရှိသော အဖွဲ့အစည်း များဖြစ်လာမည်ဟု ယုံကြည်မိပါသည်။ တစ်နည်း အားဖြင့် တိုင်းပြည်တစ်ပြည်ကို အစိုးရ အဖွဲ့ စီမံ ကွပ်ကဲသကဲသို့ ဆောင်ရွက်သည့်သဘောပင်။ ဖယ်ဒရယ်မူ အကောင်အထည် ပေါ်လာ လျှင် လိုအပ်သော ရခိုင်အစိုးရအဖွဲ့ကို တစ်ပိုင်းတစ ဖွဲ့စည်းပြီး ဖြစ်နေမည်။

နောက်တစ်ခုက ရခိုင်လူမျိုးတို့သည် မိမိတို့၏ မျိုးနွယ်စုဝင်များဖြစ်သော ခမီး မြို သက် ဒိုင်းနက် မရမာလူမျိုးများတို့၏ အသင်း အဖွဲ့အစည်းများနှင့် ကင်းကွာနေခြင်း၊ပူးးပေါင်းဆောင်ရွက်မှုမရှိခြင်း လက်တွဲခေါ်ဆောင်မှုအားနည်းခြင်း၊ ရင်းနှီးကျွမ်း ၀င်မှု မရှိ သလောက် အလွန်အားနည်းနေသည်ကို မြင်တွေ့ရပါသည်၊ ထိုထိုသော မိမိတို့၏မျိုးနွယ်စုများနှင့် ရခိုင်လူမျိုးတို့သည် မဖြစ်မနေ ရင်းနှီးကျွမ်းဝင်မှု၊ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားဂရုတစိုက် လုပ်ကြရမည်မှာ ယနေ့ ရခိုင်လူမျိုးများအတွက် မဟာလိုအပ် ချက်ကြီး တစ်ခုဖြစ်နေပေသည်။

ထိုကြောင့် ကျွန်တော်အကြံပြုလိုသည်မှာ မှားသော်ရှိ မှန်သော်ရှိ ကျွန်တော်၏အမြင်သာဖြစ်ပါသည်၊ ဤအတိုင်းဖြစ်ရမည်ဟု မဆိုလိုပါ၊ ရခိုင် နှင့် ရခိုင်မျိုးနွယ်စုဝင်အားလုံးကို တင်ပြခြင်း၊တိုက် တွန်းခြင်း သာဖြစ်ပါသည်။ များပြားလှစွာသော ပြည်တွင်း ပြည်ပ၌ရှိသော ရခိုင် မြို့နယ်အသင်းအဖွဲ့များ ဘာသာေ ရးအဖွဲ့အစည်းများ၊ နှင့် လူမှုရေးအသင်းအဖွဲ့အစည်းများသည် မိမိ၏ဆန္ဒ မိမိ၏အသင်း မိမိ၏ မြို့နယ်ကို ဦးစားပေးခြင်းထက် အောက်ပါလိုအပ်သော အဖွဲ့အစည်းများကို ဆိုင်ရာဆိုင်ရာ သန်ရာသန်ရာ ကဏ္ဍ အလိုက် ပူးပေါင်းဆောင်ရွက် လှုပ်ရှားကြခြင်းဖြင့် ပိုမိုအကျိုးသက်ရောက်မည်ဟု ထင်မြင်မိပါကြောင်း တင်ပြလိုက်ပါသည်၊

အမှတ်တကယ် ရှိအပ်သော လူမှုအဖွဲ့အစည်းများ

(1) ရခိုင်ပြည်နယ် အလုပ်အကိုင် ရှာဖွေပေးရေးအဖွဲ့
      (က) ရခိုင်- မျိုးနွယ်စုဝင်များ ကျွမ်းကျင်လုပ်သား မွေးထုတ်ရေးအဖွဲ့
      () ရခိုင်-မျိုးနွယ်စုဝင်များ ပြည်တွင်းအလုပ်အကိုင် ရှာပေးရေးအဖွဲ့
     () ရခိုင်-မျိုးနွယ်စုဝင်များ ပြည်ပ အလုပ်အကိုင် ရှာပေးရေးအဖွဲ့

(2) ရခိုင်ပြည်နယ် မိသားစုတိုင်း ၀င်ငွေရရှိရေး ဦဆောင်အဖွဲ့၊
      (A) မျိုးစေ့ မျိုးကောင်း ဈေးကွက် ရှာဖွေရေး ကော်မတီ (ပြည်တွင်း ၊ပြည်ပ)
       (B) စိုက်ပျိုးရေး ကော်မတီ  
      (C) မွေးမြူရေး ကော်မတီ  (ရေချို ၊ရေငံ ငါး၊ ပုဇွန် - ကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ၀က်၊သိုး၊ )

(3) ရခိုင်ပြည်နယ် နာရေး ကူညီစောင့်ရှောက်မှု ဦးဆောင်အဖွဲ့

       (က) ရခိုင်-မျိုးနွယ်စုဝင် ဆင်းရဲသော လူနာများကူညီရေးကော်မတီ
        () ရခိုင်-မျိုးနွယ်စုဝင် ဆင်းရဲသော နာရေးများကူညီရေးကော်မတီ၊
        () AIDS , TB , မသန်မစွမ်းသူ၊ လူအိုများ ကူညီရေးကော်မတီ

(4) ရခိုင်ပြည်နယ် သာသနာရေးဦဆောင်အဖွဲ့
       ( I) ပရိယတ္တိ သာသနာ ပြည်ပွားရေး ကော်မတီ  
       ( II ) ပဋိပတ္တိ သာသနာ ပြန့်ပွားရေး ကော်မတီ  

(5) ရခိုင်ပြည်နယ် ပညာရေးဦဆောင်အဖွဲ့

      (က) ရခိုင် - မျိုးနွယ်စုဝင်များ အခြေခံပညာသင်ယူနိုင်ရေး ထောက်ကူမှု ကော်မတီ  
      () ရခိုင် - မျိုးနွယ်စုဝင်များ နည်းပညာ သင်ကြားရေး ထောက်ကူမှု ကော်မတီ  
      () ရခိုင် - မျိုးနွယ်စုဝင်များ ဘာသာစကား တတ်မြောက်ရေး သင်ထောက်ကူ ကော်မတီ  
     () ရခိုင် - မျိုးနွယ်စုဝင်များ ပြည်ပ ပညာသင်ကြားရေး ထောက်ကူမှု ကော်မတီ  

(6) ရခိုင်ပြည်နယ် ပြောရေးဆိုခွင့် ရှိသူများအဖွဲ့
      (A) ပြည်တွင်းပြောရေးဆိုခွင့် ကော်မတီ  
      (B) ပြည်ပ ပြောရေးဆိုခွင့် ကော်မတီ  

(7) ရခိုင်ပြည်နယ် စာပေနှင့် ယဉ်ကျေးမှုဦဆောင်အဖွဲ့

      (က) ရခိုင်စာပေများ ဖေါ်ထုတ်ရေး ကော်မတီ  
      () ရခိုင် - မျိုးနွယ်စုဝင်များ ရိုးရာ ယဉ်ကျေးမှုဖေါ်ထုတ်ရေးကော်မတီ
      ( ) ရခိုင် - မျိုးနွယ်စုဝင်များ ရခိုင် တို၏ နေ့ထူးနေ့မြတ်များ ကျင်းပရေး ကော်မတီ ၊
     () ရခိုင် - မျိုးနွယ်စုဝင်များ သတင်းနှင့် ပြန်ကြားရေး ကော်မတီ  

(8) ရခိုင်ပြည်နယ် ရိုးရာ နှင့် ခေတ်ပေါ် တေးဂီတ ဦဆောင်အဖွဲ့

     ( I) ရခိုင်စည်တော် ကော်မတီ  
     ( II ) ရခိုင်- မျိုးနွယ်စုဝင်များ ခေတ်ပေါ် တီးဝိုင်း နှင့် အက ကော်မတီ
     (III) ရခိုင်- မျိုးနွယ်စုဝင်များ ရိုးရာတီးဝိုင်း နှင့် အက ကော်မတီ

(9) ရခိုင်ပြည်နယ် အားကစားဦဆောင်အဖွဲ့
     ( က) ဘော်လုံး ကော်မတီ
      () ကိုယ်ခံပညာရှင်များ ကော်မတီ  
     () ရခိုင်ကျင် ကော်မတီ့ 
    () ရခိုင်ပြိုင်လောင်း ကော်မတီ  
     () ရထားပန်ုးယိုင် ကော်မတီ  

(10) ရခိုင်ပြည်နယ် သံသယရှင်း စာရင်းစစ်အဖွဲ့
        (A) ပြည်နယ်စာရင်းစစ် ကော်မတီ ၊
        (B) မြို့နယ်စာရင်းစစ် ကော်မတီ ၊

(11) ရခိုင်ပြည်နယ် ဘေးးဒုက္ခကူညီရေးဦးဆောင်အဖွဲ့
        (I) လေဘေး၊ ရေဘေး မီးဘေး ၊ငလျင်ဘေး ကူညီရေးကော်မတီ
        (II) အကြမ်းဖက်ခံရသူများ ကူညီရေးကော်မတီ

(12) ဘဏ္ဍာရေး ဦးဆောင်အဖွဲ့
        (က) အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ရံပုံငွေ ရှာဖွေရေးကော်မတီ
        () ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေး ကော်မတီ ၊


အဖရခိုင်ပြည်ကြီး ဖွံဖြိုးတိုးတက်ရေးအတွက် ဦးဆောင်အဖွဲ့အလိုက် မည်ကဲ့သို့ ကဏ္ဍအလိုက် ခေါင်းစဉ် အလိုက် ပြုမူ လှုပ်ရှား ဆောင်ရွက်မည်ကို နောင်တွင် ကျွန်တော်အမြင်များကို သိသလောက် မှတ်သလာက် တင်ပြသွားပြမယ်။

ရခိုင်ပြည်နှင့် ရခိုင်မျိုးနွယ်စုဝင်အပေါင်းကို ဦးညွှတ်လျှက်

မောင်ဖြူ
(16.10.2013 )3း45 PM

No comments:

Post a Comment