Saturday, October 19, 2013

ရခိုင်ပြည်နှင့် ရခိုင်မျိုးနွယ်ဝင်တိ အတွက် ရခိုင်လူမျိုးတိုင်း အမြင်ချေတိ ဆွေးနွေးကတ်ပါ




ဤပေ့ခ်ျ့သည် အွန်လိုင်းပျော် မျိုးချစ်စိတ်ရှိသောရခိုင်- နှင့် ရခိုင်မျိုးနွယ်စုဝင်လူမျိုးများအတွက် ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်ကြီး ပွားရေး အတွက် အစည်းအဝေးခန်မ သဖွယ် ဆွေးနွေးကြပါ၊ အကြံပြုကြပါ၊ ဗဟုသု၊ အသိပညာများကို ဖြန့်ဝေကြပါ တင်ပြကြပါလို့ လေးစား စွာဖြင့်   ဖိတ်ခေါ်အပ်ပါသည်။ 

မိမိတို့၏ အသိပညာ အတတ်ပညာ အတွေ့အကြံ ဗဟုသုတများနှင့် စွမ်းအားများကို ဖေါ်ထုတ် အကြံပြု တင်ပေးကြလိမ့် မည်ဟုလည်း ယုံကြည်ပါသည်။ သိုသော် ဤပေခ်ျ့ ၏ ရွယ်ရည်ချက်ဖြစ်သော ရခိုင်ပြည် နယ်နှင့် ရခိုင်- မျိုးနွယ်စုဝင်တစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတစ်ခုတည်းပေါ်တွင်သာ အာရုံ စိုက်ပြီး တင်ပြဆွေးနွေးကြရန် တိုက်တွန်းလိုပါသည်။ ဤစာမျက်နှာမှ တိုင်းပြု ပြည်ပြု တင်ပြထားသော အကြံပြု ဆွေးနွေးချက်များကို  အမျိုးသားရေး တစ်စိုက်မတ်မတ် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ် ကိုင် နေ ကြသော ရခိုင်မျိုးချစ်များ အတွက် ကောင်းနိုးရာရာ အသုံးတည့်မည့်  အကြံဥာဏ် ဗဟုသုတများ ရယူနိုင်အောင် ၊စဉ်းစားနိုင်အောင် ဆွေးနွေး အကြံပြုသွားကြပါလို့ ထပ်ဆင့်တိုက်တွန်းလိုပါသည်။

 နောက်ပြီး ဤပေ့ခ်ျ့တွင် ကုလားမုန်းတီးရေး၊ ဗမာမုန်းတီးရေး၊ တိုင်းရင်းသားစည်းလုံးညွတ်ရေး ကိုပျက် ပြားစေသော ပို့စ့်များ ၊ကြမ်းတမ်းသောကွန်မန့်များ သူတပါးထိခိုက်စေသော ပုဂ္ဂိုလ်ရေးကွန့်မန်များ ပိုစ့်များ မတင်ကြဖို့ အထူးမေတ္တာရပ်ခံလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ဤစာမျက်နှာ၏ မူလရွယ်ရည် ချက်ဖြစ်သော ရခိုင်ပြည်နှင့် ရခိုင်တစ်မျိးသားလုံး ဖွံ့ဖြိုးတိုးတက်ရေး လမ်းကို မတိမ်းစောင်းလိုသောကြောင့် ဖြစ်ပါသည်။ တင်လာပါကလည်း ပြန်ဖြုတ်ချသွားပါမည်ဟု ကြိုတင်အသိပေးအပ်ပါသည်။

တစ်ကမ္ဘာလုံးတွင် ပြန့်နှံ့နေထိုင်ကြသော မျိုးချစ်ရခိုင်လူမျိုးများနှင့် မျိုးချစ်ရခိုင်မျိုးနွယ်စုဝင်အပေါင်း တို့ အောက်ပါဆွေးနေွးစရာ အချက်အလက်များမှ မိမိတို့ ကျွမ်းကျင်သော ၊နားလည်သော၊ အသိပညာ ဗဟုသုတများကို ကဏ္ဍအလိုက် အွန်လိုင်းမှတဆင့် ၀င်ရောက်ဆွေးနွေး အကြံပြု တင်ပြရင်း အဖရခိုင် ပြည်အတွက် ကျေးဇူးဆပ်ကြပါစို့ ၊ မွေးရပ်မြေ(၀ါ) အဖိုးအဖီးတို့ ချမြှုတ် ၊ ခေါင်းချခဲ့သော နေရာကို အလုပ်အကျွေးပြုကြပါစို့ ။ 

                                         ဆွေးနွေးရန် ခေါင်းစဉ်များ

      () ရခိုင်- မျိုးနွယ်စုဝင်များ ကျွမ်းကျင်လုပ်သား မွေးထုတ်ရေး အကြံပြုချက်မျာ့း 
      () ရခိုင်-မျိုးနွယ်စုဝင်များ ပြည်တွင်းအလုပ်အကိုင် ရရှိရေးအကြံပြုချက်များ  
     () ရခိုင်-မျိုးနွယ်စုဝင်များ ပြည်ပ အလုပ်အကိုင် ရရှိရေးအကြံပြုချက်များ



      () မျိုးစေ့ နှင့် သားငါးမျိုးကောင်းမျိုးသန့်ရရှိရေး အကြံပြုချက်များ ၊
       () ရခိုင်ပြည်ဒေသအလိုက် အောင်မြင်သောစိုက်ပျိုးရေး အကြံပြုချက်များ
      ()   (ရေချို ၊ရေငံ ငါး၊ ပုဇွန် - ကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ၀က်၊သိုး၊မွေးမြူရေး အကြံပြုချက်များ ၊
      (၇) ၊ ဈေးကွက် ရှာဖွေရေးအတွက် အကြံပြုချက်များ ၊

       () ရခိုင်-မျိုးနွယ်စုဝင် ဆင်းရဲသော လူနာများကူညီမှု အကြံပြုချက်များ ၊
        () ရခိုင်-မျိုးနွယ်စုဝင် ဆင်းရဲသော နာရေးများ ကူညီမှု အကြံပြုချက်များ ၊
        (၁၀) AIDS , TB , မသန်မစွမ်းသူ၊ လူအိုများ ကူညီမှု အကြံပြုချက်များ ၊



      (၁၁)  ဆင်းရဲ့သော ရခိုင် - မျိုးနွယ်စုဝင်များ အခြေခံပညာသင်ယူနိုင်ရေး အကြံပြုချက်များ
      (၁၄) ရခိုင် - မျိုးနွယ်စုဝင်များ နည်းပညာ သင်ကြားနိုင်ရေး  အကြံပြုချက်များ
      (၁၅) ရခိုင် - မျိုးနွယ်စုဝင်များ ဘာသာစကား တတ်မြောက်နိုင်ရေးအကြံပြုချက်များ
     (၁၆) ရခိုင် - မျိုးနွယ်စုဝင်များ ပြည်ပ ပညာသင်ကြားနိုင်ရေး အကြံပြုချက်များ


      (၁၇) ပြည်တွင်းပြောရေးဆိုခွင့် ရွေးချယ်ရေးရာ၌ အကြံပြုချက်များ
      (၁၈) ပြည်ပ ပြောရေးဆိုခွင့် ရွေးချယ်ရေး၌ အကြံပြုချက်များ


      (၁၉) ရခိုင်စာပေများ ဖေါ်ထုတ်ရေး အကြံပြုချက်များ
      (၂၀) ရခိုင် - မျိုးနွယ်စုဝင်များ ရိုးရာ ယဉ်ကျေးမှုဖေါ်ထုတ်ရေး အကြံပြုချက်များ
      ( ၂၁) ရခိုင် - မျိုးနွယ်စုဝင်များ တို၏ နေ့ထူးနေ့မြတ်များ ကျင်းပရေး အကြံပြုချက်များ


     ( ၂၃) ရခိုင်မင်္ဂလာစည်တော်အဖွဲ့အတွက် အကြံပြုချက်များ
     ( ၂၄ ) ရခိုင်- မျိုးနွယ်စုဝင်များ ခေတ်ပေါ် တီးဝိုင်း နှင့် ခေတ်ပေါ်အက-တေး အတွက် အကြံပြုချက်များ
     (၂၅I) ရခိုင်- မျိုးနွယ်စုဝင်များ ရိုးရာတီးဝိုင်း နှင့် ရိုးရာအက ရိုးရာတေးများအတွက် အကြံပြုချက်များ


     ( ၂၆) ရခိုင်ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေး အကြံပြုချက်များ
      (၂၇) ကိုယ်လုံပညာရှင်များ မွေးထုတ်ရေး အကြံပြုချက်များ
     (၂၈) ရခိုင်ကျင်ကစားနည်း ဖွံ့ဖြိုးတိုးတက်ရေး အကြံပြုချက်များ
    (၂၉) ရခိုင်ပြိုင်လောင်းပွဲများအတွက် အကြံပြုချက်များ
     (၃၀) ရထားဆွဲပွဲများအတွက် အကြံပြုချက်များ

        (၃၁) လေဘေး၊ ရေဘေး မီးဘေး ၊ငလျင်ဘေး ကူညီမှု အကြံပြုချက်များ
        (၃၂) အကြမ်းဖက်ခံရသူများ ကူညီရေးအတွက် အကြံပြုချက်များ
      (၃၃) ပြန်လည်ထူထောင်ရေးအတွက် အကြံပြုချက်များ ၊

        (၃၄) အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ရံပုံငွေ ရရှိရေး အကြံပြုချက်များ
        (၃၅) ရရှိလာသောဘဏ္ဍာငွေများကို ခွဲဝေ သုံးစွဲရေး  အကြံပြုချက်များ

တို့ကို မိမိသိရာ၊သိရာ ကဏ္ဍအလိုက် ၀င်ရောက်ဆွေးနွေးကြပါ၇န် အမျိုးသားရေး အလေးထား၍ ဖိတ်ခေါ်အပ်သည်။အွန်လိုင်းပျော် မျိုးချစ်ရခိုင်အပေါင်းရို့ ။
                                                                          မောင်ဖြူ (ရန်ကုန်)
                                                                           ( 19.10. 2013)

No comments:

Post a Comment